A Paw Yan Myar (Feat. Doublej)
Bunny Phyoe
4:24မင်းနဲ့ငါ့ရဲ့ဇာတ်လမ်းများ တိမ်တိုက်များလို ဟိုးအဝေးမျောလွင့်သွား တစ်စထက်တစ်စပေါ့ ငါနဲ့ဝေးရာအား ရူးရူးမူးမူးချစ်ပြီးမှ နင်လေအဝေးကို ဘာ့ကြောင့်ထွက်ပြေးသွား သွေးအေးအေးနဲ့ချန်ထားခဲ့တာလား ဟုတ်လား? တကယ်ကိုမထင်ထားခဲ့ဘူး မင်းပြောလိမ့်မယ်လို့ လမ်းခွဲစကားကြားချိန်မှာ တစ်ယောက်ယောက်အမြန် အရေးပေါ် ခေါ်ပေးပါ ငါ့နှလုံးသွေးများ ရပ်တန့်သွားပြီလား? မင်း ငါ့အချစ်တွေဖျက်ဆီးပစ် ကျေနပ်လား? နောက်ဆုံးမှာငါတောင်းဆိုပါရစေ နင်ငါ့အနားမှာပဲရှိနေပေးပါ မင်း ဟိုးအတိတ်က ငါနဲ့မင်း အကြောင်းတွေအား မမေ့ပါနဲ့နင်စဉ်းစားပေးပါဦး နင်မရှိရင်ငါလည်းမရှိနိုင်လို့ ကိုယ့်ပုခုံးထက်အိပ်စက်သွား ကျန်နေမင်းရဲ့အငွေ့အသက်များ ရန်တွေဖြစ်လိုကချစ်လိုက်နဲ့ အချိန်တွေငါလေပြန်တမ်းတ ဟိုတုန်းကအကြောင်းတွေအား ပြန်စဉ်းစားပေးပါလား ငါ့လောက် ချစ်နိုင်မယ့်သူ နင့်အပေါ်ထပ်လို့ ရှိဦးမလား အလိုလိုက်တဲ့ငါ့ကြောင့်လား စိတ်များတဲ့နင့်ကြောင့်လား ဖြစ်ခဲ့ကြတယ်ဒီအခြေအနေများ တကယ်ကိုမထင်ထားခဲ့ဘူး မင်းပြောလိမ့်မယ်လို့ လမ်းခွဲစကား ကြားချိန်မှာ တစ်ယောက်ယောက် အမြန် အရေးပေါ် ခေါ်ပေးပါ ငါ့နှလုံးသွေးများ ရပ်တန့်သွားပြီလား မင်း ငါ့အချစ်တွေဖျက်ဆီးပစ် ကျေနပ်လား နောက်ဆုံးမှာငါတောင်းဆိုပါရစေ နင် ငါ့အနားမှာပဲရှိနေပေးပါ မင်း ဟိုးအတိတ်ကငါနဲ့မင်း အကြောင်းတွေအား မမေ့ပါနဲ့နင်စဉ်းစားပေးပါဦး နင်မရှိရင်ငါလည်းမရှိနိုင်လို့ ခံနိုင်ရည်အားတွေ ကုန်လွန်လို့သွားချိန် ငါလေတစ်ယောက်တည်းပါ ဆိုးရွားနေလို့ ဟိုးအရင်ကလိုမင်းပြန်ချစ်နိုင်မလား နောက်ဆုံးမှာငါတောင်းဆိုပါရစေ နင်ငါ့အနားမှာပဲရှိနေပေးပါ မင်း ဟိုးအတိတ်ကငါနဲ့မင်း အကြောင်းတွေအား မမေ့ပါနဲ့နင်စဉ်းစားပေးပါဦး နင်မရှိရင်ငါလည်းမရှိနိုင် နင်မရှိရင် ငါလည်းမရှိနိုင် လို့