Hnaloneta El Thael
David Lai
3:53သူငယ်ချင်း မင်းလည်းမမေ့နဲ့ကွယ် တစ်နေ့နေ့ ဆုံတွေ့ရအုံးမယ် ရောင်းရင်းအသစ်နဲ့ မင်းတွေ့နိုင်တယ် ငါ့အတွက်တော့ တစ်နေရာချန်ထားကွယ် အိပ်မက်တို့နောက် လိုက်ရင်းနဲ့ ကိုယ့်ဘဝကိုယ် ကျောင်းရအုံးမယ် ပြောင်းလဲတတ်တဲ့ ဒီလောကကြီးထဲ အရင်လူဟောင်း ပဲတွေ့ချင်တယ် အတူတူ ဆိုးဆိုးမိုက်မိုက် ကြီးပြင်းလည်း ငါတို့ရဲ့ အမှတ်တရပဲ တိုးတိုးဆိတ်ဆိတ် နှလုံးသားထဲ ဟောင်းနွမ်းသွားလည်းကွယ် တစ်နယ်စီငါတို့ ဝေးသွားလည်း ခဏတော့သိမ်းထားကွယ် ဒါတို့ရဲ့အမှတ်တရပဲ ဒါတို့ရဲ့အမှတ်တရပဲ မမေ့နဲ့ နေခဲ့အုံးတော့ မပြောနဲ့ကွယ် မှတ်ဉာဏ်တွေထဲ မင်းရှိတယ် မင်းလည်းမမေ့နဲ့ ငါတို့ရဲ့အတိတ်တွေ ပြန်ကာဟားချ ပြောချင်တယ် အတူတူ ဆိုးဆိုးမိုက်မိုက်ကြီးပြင်းလည်း ငါတို့ရဲ့ အမှတ်တရပဲ တိုးတိုးဆိတ်ဆိတ် နှလုံးသားထဲ ဟောင်းနွမ်းသွားလည်းကွယ် တစ်နယ်စီငါတို့ ဝေးသွားလည်း ခဏတော့သိမ်းထားကွယ် ငါတို့ရဲ့အမှတ်တရပဲ ငါတို့ရဲ့အမှတ်တရပဲ မမေ့နဲ့ အိပ်မက်တို့နောက် လိုက်ရင်းနဲ့ ခဏတဖြုတ်ဆိုတဲ့ ဘဝလေးရယ် ကြိုးစားရင်းနဲ့ ဘုရားလည်းမမေ့နဲ့ အဖေအမေစကားလည်း နားထောင်ကွယ် အတူတူ ဆိုးဆိုးမိုက်မိုက်ကြီးပြင်းလည်း ငါတို့ရဲ့ အမှတ်တရပဲ တိုးတိုးဆိတ်ဆိတ် နှလုံးသားထဲ ဟောင်းနွမ်းသွားလည်းကွယ် တစ်နယ်စီငါတို့ ဝေးသွားလည်း ခဏတော့ သိမ်းထားကွယ် ငါတို့ရဲ့အမှတ်တရပဲ ငါတို့ရဲ့အမှတ်တရပဲ မမေ့နဲ့ ငါတို့ရဲ့အမှတ်တရပဲ ငါတို့ရဲ့အမှတ်တရပဲ မမေ့နဲ့