Min A Kyaung Eain Mat
Si Thu Lwin
နာရီသံတွေ ဆူညံလွန်းနေ ရင်ခုန်သံတွေ မြန်တယ် အချစ်ရေ ငိုချင်ပါတယ် မျှော်လင့်ခြင်းတွေ တို့တွေ ဒီအချိန်ဟာ နောက်ဆုံးလား နှုတ်ဆက်လိုက်ဖို့ အားတင်းထားရင်း ပါးပြင်ပေါ်က မျက်ရည်တွေဟာ အချိန်နာရီတွေပေါ်ကို ကျော်လွန် ရေလိုဖြတ်ပြီး စီးဆင်းနေဆဲ ချစ်သူရေ (နှလုံးသားထဲ ဆွေး) ကြင်နာတာတွေ ပြန်လည်တွေးနေ နာကျင်ပါတယ် ကိုယ့်အသည်းတွေ ယုံကြည်ချင်တယ် ကံတရား ရေ ပြန်ဆုံနိုင်မယ် ထင်သေးလား ငိုရင် ပုလဲ ရယ်ရင် ရွဲ အရာရာအားလုံး ပြည့်စုံတဲ့အချစ်နဲ့ အခြေနေမဲ့ ရွှေငွေမဲ့ အရာရာအားလုံး ရှုံးနေတဲ့ တို့နှစ်ယောက်ရဲ့ ဘဝ ဒါဟာ နောက်ဆုံးပဲ အချစ်ကလေးရယ် ဒါဟာ နောက်ဆုံးပဲ ဟန်ဆောင်နေတာ လိမ်ညာခြင်းလေ ပိုင်ဆိုင်ချင်တာ ဝန်ခံပါရစေ မဆုံနိုင်တာ ဘာကြောင့်လဲ မေ တို့တွေ ဒီနေရာမှာ နောက်ဆုံးလား နှုတ်ဆက်လိုက်ဖို့ အားတင်းထားရင်း ပါးပြင်ပေါ်က မျက်ရည်တွေဟာ အချိန်နာရီတွေပေါ်ကို ကျော်လွန် ရေလိုဖြတ်ပြီး စီးဆင်းနေဆဲ ချစ်သူရယ် (နှလုံးသားထဲဆွေး) တကယ်ကြင်နာ မြတ်နိုးနေ မပန်ခင်မှာ မခြွေရက်ဘူးလေ တစ်ချိန်ချိန်ကို ကိုယ်မျှော်လင့်နေ ပြန်ဆုံနိုင်မယ် ထင်သေးလား ငိုရင် ပုလဲ ရယ်ရင် ရွဲ အရာရာအားလုံး ပြည့်စုံတဲ့အချစ်နဲ့ အခြေနေမဲ့ ရွှေငွေမဲ့ အရာရာအားလုံး ရှုံးနေတဲ့ တို့နှစ်ယောက်ရဲ့ဘဝ ဒါဟာ နောက်ဆုံးပဲ အချစ်ကလေးရယ် ဒါဟာ နောက်ဆုံးပဲ ဒါဟာ နောက်ဆုံးပဲ