Swe Tal
Htoo Eain Thin
3:21မြစ်တစ်ခုလို အချိန်များစီးဆင်းဆဲ လူ့ဘဝကို တို့ရရှိခဲ့တယ် လောကကို ပေးဆပ်ဖို့ပဲ ဘဝအတွက် နှစ်သိမ့်ခဲ့ အို ရေဆန်လေဆန် ဒီခရီးလမ်းထဲ လူ့ဘဝတစ်ခုတော့ အခိုင်အမာ ဆောက်တည်မယ် လောကမှာ ကိုယ်အသက်ဆက်ဖို့အတွက် အခြားဘဝတွေ ဆုံးရှုံးမသွားဖို့ပဲ နှလုံးသားမှာ သတိရှိနေ အိုး စွန့်လွှတ်ဖို့ အသင့်ပဲ ကိုယ်ရည်ရွယ်တာတွေ မဖြစ်သေးလည်း သန့်သန့်ရှင်းရှင်း နေထိုင်အသက်ရှင်မယ် လောဘ ဒေါသ မီးတောက်တွေ မောဟ သောက မီးတောက်တွေ ငြိမ်းရ သတ်ရ ခက်ခဲ့ရင် သီချင်းလေး နားဆင်ဦး အိုး လောဘ ဒေါသ မီးတောက်တွေ မောဟ သောက မီးတောက်တွေ ငြိမ်းရ သတ်ရ ခက်ခဲ့ရင် သီချင်းလေး နားဆင်ဦး နာရီရဲ့သီချင်း နာရီရဲ့သီချင်း နာရီရဲ့သီချင်း ဟေး သတိပြုကွယ် လူ့ဘဝဟာ ရခဲလွန်းလှတယ် ကိုယ့်ဘဝကို အလွဲသုံးစားမလုပ်နဲ့ တစ်နေ့နေ့ သေခြင်းတရားမှာ အားလုံး အဆုံးသတ်ရမယ် အို ရှင်သန်ချိန်တွေ တိုတောင်းလွန်းတယ် မကောင်းမှုလုပ်ဖို့ အချိန်တွေ နှမြောပါတယ် လောဘ ဒေါသ မီးတောက်တွေ မောဟ သောက မီးတောက်တွေ ငြိမ်းရ သတ်ရ ခက်ခဲ့ရင် သီချင်းလေး နားဆင်ဦး အိုး လောဘ ဒေါသ မီးတောက်တွေ မောဟ သောက မီးတောက်တွေ ငြိမ်းရ သတ်ရ ခက်ခဲ့ရင် သီချင်းလေး နားဆင်ဦး နာရီရဲ့သီချင်း နာရီရဲ့သီချင်း နာရီရဲ့သီချင်း အား သတိပြုကွယ် လောကမှာ ကိုယ်အသက်ဆက်ဖို့အတွက် အခြားဘဝတွေ ဆုံးရှုံးမသွားဖို့ပဲ နှလုံးသားမှာ သတိရှိနေ အိုး စွန့်လွှတ်ဖို့ အသင့်ပဲ ကိုယ်ရည်ရွယ်တာတွေ မဖြစ်သေးလည်း သန့်သန့်ရှင်းရှင်း နေထိုင်အသက်ရှင်မယ်