Swe Tal
Htoo Eain Thin
ဝိညာဉ် စိတ်ရှိုင်းနက်လို့ ကလူသလို လူကို မြှူဆွယ်ကျီစယ် ဘုရားသခင်ရှေ့ ကျွန်ုပ်ရောက်ခဲ့ တိမ်လွှာစိုင်လို ပေါ့ပေ့ါပါးပါးကွယ် ငွေစန္ဒာယာဉ်အရောင် ပြိုးပြိုးပြက်ပြက်ဆောင် ဘယ်ဆီခေါ်မယ် ပြောလည်းမပြောဘဲ လှမ်းလို့ချီယူ ဘုံပျံနတ်နန်းလေးဆီ ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေးကွယ် ကိုယ့်ကို အများသူက မတွေ့မမြင် ပီပီပြင်ပြင် အခြေအနေကိုကွယ် ပြောပြတော့ ဝမ်းနည်းမိတယ် တမလွန်ဘုံမှာ အိပ်စက်ရပေါ့ကွယ် မမြင်ဘူးလို့ တော်တော်ကြာအောင် ရပ်တန့်လို့ ငေးမောကြည့်တယ် လှေငယ်တေလေ ဘယ်ဆီသွားမယ် ဟိုးအဝေး ခက်ပြီကွယ် တစ်ယောက်တည်း လိုက်ခဲ့တဲ့ ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေးကွယ် ဝိညာဉ် စိတ်ရှိုင်းနက်လို့ ကလူသလို လူကို မြှူဆွယ်ကျီစယ် ဘုရားသခင်ရှေ့ ကျွန်ုပ်ရောက်ခဲ့ တိမ်လွှာစိုင်လို ပေါ့ပေ့ါပါးပါးကွယ် ဘော်စင်ငွေစန္ဒာ ယာဉ်အရောင် ကြည်လင်ပြိုးပြက် အလင်းဆောင် ဘယ်ဆီခေါ်မယ် ပြောလည်းမပြောဘဲ လှမ်းလို့ပွေ့ချီ ဘုံနတ်နန်းပျံဆီကို ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေးကွယ် ဝိညာဉ် စိတ်ရှိုင်းနက်လို့ ကလူသလို လူကို မြှူဆွယ်ကျီစယ် ဘုရားသခင်ရှေ့ ကျွန်ုပ်ရောက်ခဲ့ ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေးကွယ် ဝိညာဉ် စိတ်ရှိုင်းနက်လို့ ကလူသလို လူကို မြှူဆွယ်ကျီစယ် ဘုရားသခင်ရှေ့ ကျွန်ုပ်ရောက်ခဲ့ ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေးကွယ် ဝိညာဉ် စိတ်ရှိုင်းနက်လို့ ကလူသလို လူကို မြှူဆွယ်ကျီစယ် ဘုရားသခင်ရှေ့ ကျွန်ုပ်ရောက်ခဲ့