Chit Thu Yin Khwin
Yadanar Oo
နေ့နဲ့ည မကွဲပြားဘူး အမှန်နဲ့အမှား ခွဲခြားတတ်ပါ အို ရင်မှာ ဒဏ်ရာများလား ကောက်ကျစ်တတ်တဲ့ စိတ်ကဝင်လာ အချိန်ရယ် နေရာ အရောင်ပြောင်းတဲ့တရား စဉ်းလဲမှုများအလယ် ဖြူစင်စိတ်ကလေး ထားရှိနိုင်မလား ရိုးသားခြင်များ ရှင်းသန့်တဲ့ ကိုယ်ကျင့်တရား ဆုံးရှုံးတဲ့အခါ တို့ရင်မှာ ပျော်နိုင်ဦးမလား ရက်စက်တတ်တဲ့စိတ်က ခိုင်မာ မှန်တယ်ထင်တာ အကုန်လုံးပဲ အမှား ရက်စက်မှုများအလယ် ကြင်နာစိတ်ကလေး ထားရှိနိုင်မလား စိတ်ဓာတ်များရဲ့အင်အား အို တဖြည်းဖြည်း နည်းသွားပြီလား သွေးကြောများထဲအနှံ့ ညစ်ပတ်တဲ့စိတ်က စီးဝင်လှုပ်ရှား စိတ်ဓာတ်အတွင်းထဲ လှိုက်စား အဆိုးဆုံးပဲ လွတ်မြောက်လမ်း မမြင်ပါ လုံးပါး ပါးမှာပဲ အို မေမေရေ ကယ်ပါဦးလား သွေးကြောများထဲပျံ့နှံ့တဲ့ အဆိပ်တောက်များဟာ ဘယ်လိုရောက်လာလဲ မတွေးတတ်တော့ဘူး အို ဒါဟာ ကင်ဆာပါလား ကောက်ကျစ် ရက်စက်တတ်တဲ့ စိတ်များ အိုး ဖြူစင်တာတွေ ပျောက်ဆုံးသွားပြီလား အမှားအယွင်းများကြားမှာ အမှန်ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ရှာ စိတ် စိတ်ဓာတ်များရဲ့အင်အား အို တဖြည်းဖြည်း နည်းသွားပြီလား သွေးကြောများထဲအနှံ့ ညစ်ပတ်တဲ့စိတ်က စီးဝင်လှုပ်ရှား စိတ်ဓာတ်အတွင်းထဲ လှိုက်စား အဆိုးဆုံးပဲ လွတ်မြောက်လမ်း မမြင်ပါ လုံးပါး ပါးမှာဘဲ အို မေမေရေ ကယ်ပါဦးလား သွေးကြောများထဲပျံ့နှံ့တဲ့ အဆိပ်တောက်များဟာ ဘယ်လိုရောက်လာလဲ မတွေးတတ်တော့ဘူး အို ဒါဟာ ကင်ဆာပါလား ကောက်ကျစ် ရက်စက်တတ်တဲ့ စိတ်များ အိုး ဖြူစင်တာတွေ ပျောက်ဆုံးသွားပြီလား အမှားအယွင်းများကြားမှာ အမှန်ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ရှာ