Swe Tal
Htoo Eain Thin
တကယ်လို့များ မင်းအပြုံးလေးများ မရှိရင် ဘယ်ပွင့်မလဲ ပန်းလေးတွေ အလှကင်းမဲ့ လောကအလယ် ကိုယ်ဘယ်လို နေရမလဲ တကယ်လိုများ အိမ်မက်လေးများထဲမှာ ဆုံစည်းခွင့် မရှိခဲ့ရင် ကိုယ်အိပ်စက်မယ့် ညတွေ အို ဘယ်လိုကုန်ဆုံးမလဲ တကယ်ဆို တို့နှစ်ဦး ဝေးလို့တော့ မဖြစ်နိုင်ဘူး ကိုယ်ရဲ့ အနားမှာ မင်းအမြဲ ရှိနေ တကယ်လိုများ ကိုယ့်အတွေးလေးများထဲမှာ အချစ်ဆုံး မင်းမရှိခဲ့ရင် ဆိုညည်းမယ့် သီချင်းလေးတွေ ဘယ်လို ချိုနိုင်ဦးမလဲ တကယ်လိုများ ရက်စက်တဲ့လောကအလယ် ကြွေကျမယ့် သစ်ရွက်လို ကိုယ် တမ်းတမိခဲ့ချိန် ဘယ်ရင်ခွင် ခိုနားမလဲ တကယ်ဆို တို့နှစ်ဦး ဝေးလို့တော့ မဖြစ်နိုင်ဘူး မင်းမရှိတဲ့ ကမ္ဘာ စွန့်ခွာ မယ်လေ ဟိုအဝေး