Thi Chin Lay Thet Thay

Thi Chin Lay Thet Thay

Htoo Eain Thin

Длительность: 3:53
Год: 1987
Скачать MP3

Текст песни

သာယာချိုမြိန်ပါစေ သူစိတ်မှာ
ကိုယ်လေရည်ရွယ်ပါတယ် သူတစ်ယောက်သာ
ရင်မှာဆိုနေမယ် သီချင်းလေးများ နားဆင်ပါ
အကြင်နာတွေဟာသီချင်းလေး တစ်ပုဒ်ပေါ့
နားလည်မလား

ဂုဏ်တွေငွေတွေ အခြေအနေ မရှိသောအခါ
ကိုယ်လေပိုင်ဆိုင်ပါတယ် အချစ်များသာ
နွေလိုပူလောင်ပါတယ် တို့ဘဝထဲ
လိုက်လာမလား
မခေါ်ချင်တာဟာ တို့ရဲ့ အချစ်ပေါ့
နားလည်မလား

နေရောင်ခြည်မှာ မဖူးပွင့်အပ်ရာ
ငွေကြာဖြူပါလား
ညှိုးနွမ်းသွားဖို့ ကိုယ်
အိုး မပိုင်ဆိုင်ရက်ဘူးကွာ
သော်တာရောင်ခြည် အေးရိပ်အောက်မှာ
ပျော်ပျော်နေပါလား
ချစ်နေလျက်များ စွန့်နိုင်ခဲ့သား
ဆုံးရှုံးမှုနဲ့ အနိုင်ယူခွင့်ပေးပါ

တွယ်တာတာတွေ ဘယ်လိုဆိုရမလား
ကိုယ်လေဘာဘာညာညာ မငိုတတ်ပါ
သူသာပျော်မယ်ဆိုရင်
စွန့်လွှတ်ရဲတဲ့ ချစ်သူပါ
အကြင်နာတွေကို သီချင်းလေးတစ်ပုဒ်နဲ့
သက်သေထား

နေရောင်ခြည်မှာ မဖူးပွင့်အပ်ရာ
ငွေကြာဖြူပါလား
ညှိုးနွမ်းသွားဖို့ ကိုယ်
အိုး မပိုင်ဆိုင်ရက်ဘူးကွာ
သော်တာရောင်ခြည် အေးရိပ်အောက်မှာ
ပျော်ပျော်နေပါလား
ချစ်နေလျက်များ စွန့်နိုင်ခဲ့သား
ဆုံးရှုံးမှုနဲ့ အနိုင်ယူခွင့်ပေးပါ

ကြင်နာတာတွေ ဘယ်လိုဆိုရမလား
ကိုယ်လေဘာဘာညာညာ မငိုတတ်ပါ
သူသာပျော်မယ်ဆိုရင်
စွန့်လွှတ်ရဲတဲ့ချစ်သူပါ
အကြင်နာတွေကို သီချင်းလေးတစ်ပုဒ်နဲ့
သက်သေထား

(ဟာ ဟာ ဟာ့ ဟာ)