La Yate Cho
Sai Sai Kham Leng
4:20အိုး မင်းစိတ်တိုင်းကျပဲပေါ့အချစ်ရယ် ဘာမှမပြောဘူး မင်းသဘောပဲ မင်းရဲ့အနားမှာ ငါကိုယ်ရံတော်လိုပဲ အခုတော့မင်းက ပြောတယ်မေ့ပစ်လိုက် ဘာမှမငြင်းဘူး မင်းသဘောအတိုင်း ငါ့မှာတော့ တကိုယ်တော် ဗယ်လင်န်တိုင်း ကလေးရေ ကလေးရေ ချစ်တဲ့စိတ်နဲ့ ဟစ်အော်နေတုန်း အချစ်ရဲ့နေ့မှာ တစ်ယောက်တည်း အထီးကျန်နေသူ ငါရူးနေလို့ ငါရူးနေလို့ ကလေးရေ ကလေးရေ လွမ်းတဲ့စိတ်နဲ့ လိုက်ရှာနေတုန်း လမ်းမထက်မှာလေ စုံတွဲလေးတွေမြင်ရင် ကြွေကွဲနေလို့ ကြွေကွဲနေလို့ တခါတရံမှာ အချစ်က ကစားပွဲလို အနိုင်နဲ့ပိုင်းပြီးတော့ ထားခဲ့လို့ အမှန်နဲ့အမှားတွေစဉ်းစား နင်ပြောတဲ့စကားက ငါတယောက်တည်း မှားခဲ့သလို ငါလေမငြင်းဆန်ခဲ့ပါဘူး ဘာမဆိုမင်းစိတ်အတိုင်းသာလုပ် ချောင်မှာထိုးချင်ထိုး တခါတလေ ဖတ်ချင်ဖတ် မင်းအတွက် ငါကာတွန်းစာအုပ် နောက်ဆုံးနိဂုံးချုပ်တော့လည်း နင်လုပ်ရက်တာပဲ ဓာတ်ပုံတွေ ပို့စ်ကဒ်အပိုင်းအစတွေ လွှင့်ပစ်ခဲ့ အိမ်မှာထမင်းတွေ ဟင်းတွေချက် ပြီးတော့အတူတူစားခဲ့တာ ဖုန်းတွေပြော တစ်ညလုံးပြော မိုးလင်းတော့ ဘုရားကိုသွားခဲ့တာ တနေကုန်လျှောက်လည်ရင်း ကားကပျက် တကယ်ကိုအမှတ်တရ နွေရဲ့ပူလောင်မှုတွေလည်း လုံးဝဂရုမစိုက်ခဲ့ ဒါတွေက အိပ်မက်တစ်ခုလိုပဲ လွင့်ပျောက်ခဲ့ အင်း ငါတစ်ယောက်တည်း ကလေးရေ ကလေးရေ ချစ်တဲ့စိတ်နဲ့ ဟစ်အော်နေတုန်း အချစ်ရဲ့နေ့မှာ တစ်ယောက်တည်း အထီးကျန်နေသူ ငါရူးနေလို့ ငါရူးနေလို့ ကလေးရေ ကလေးရေ လွမ်းတဲ့စိတ်နဲ့ လိုက်ရှာနေတုန်း လမ်းမထက်မှာလေ စုံတွဲလေးတွေမြင်ရင် ကြွေကွဲနေလို့ ကြွေကွဲနေလို့ အချစ်နဲ့စား အချစ်နဲ့သွား ဘဝကို အချစ်နဲ့တည်ဆောက်ထားတာ မင်းကတကယ်ကိုမမြင်တာလား ဒါမှမဟုတ် မမြင်ချင်ယောင်ဆောင်နေတာလား အချစ်ကဘဝလောကနိဗ္ဗာန်တစ်ခုလို့ ငါထင်မှတ်ဆဲပါ ဒဏ္ဍာရီထဲက ပုံပြင်ထဲကအချစ်လို ငါကြင်နာခဲ့တာ အလုပ်အကိုင်တွေလဲပျက်ကွက်လို့ အရာရာ မင်းတစ်ယောက်တည်းငဲ့ကွက်လို့ ငါ့အတ္တတွေလည်းချိုးနှိမ် မာန်မာနတွေလည်းချိုးဖျက်လို့ ရူးသွပ်စွဲလမ်း ဒီမိုးကုပ်စက်ဝိုင်းအောက်မှာ မင်းနာမည်တစ်ခုတည်း ရေးထိုးခဲ့ ငါ့ရင်ဘက်ထဲကကျောက်စာ အိပ်ရာကနိုးတဲ့မနက်တိုင်းပေါ့ ဖုန်းမှာအသည်းအသန်ရှာ မင်းရဲ့နံပါတ် မတွေ့တော့မှ သက်ပြင်းတွေချ ဆုံနေကျစားသောက်ဆိုင်တွေမင်းကမပါလို့မသွားတော့ပါ ဒီလိုပဲငါ့ရဲ့ဘဝ မင်းကစာနာ နားလည်ပါ အချစ်ရေ ကလေးရေ ကလေးရေ ချစ်တဲ့စိတ်နဲ့ ဟစ်အော်နေတုန်း အချစ်ရဲ့နေ့မှာ တစ်ယောက်တည်း အထီးကျန်နေသူ ငါရူးနေလို့ ငါရူးနေလို့ ကလေးရေ ကလေးရေ လွမ်းတဲ့စိတ်နဲ့ လိုက်ရှာနေတုန်း လမ်းမထက်မှာလေ စုံတွဲလေးတွေမြင်ရင် ကြွေကွဲနေလို့ ကြွေကွဲနေလို့ ဘက်ဂီယာထိုးပြီးတော့အနောက်ပြန်ဆုတ်လို့ရရင် ဗွီဒီယိုရုပ်ရှင်တွေလိုအစက ပြန်ပြီးစချင်တယ် ဒီလိုသာ ဘဝကိုပြန်ပြီး အရှေ့ကို ရစ်လို့ရရင် ပြဿနာဖြစ်တဲ့ နေ့တွေညတွေ အားလုံးကျော်လွှားသွားချင်တယ် မနက်တိုင်းက ဗယ်လင်န်တိုင်းပေါ့ မင်းအတွက်နှင်းဆီပန်းတွေနဲ့ မင်းနှုတ်ခမ်းမှာ အနမ်းတွေနဲ့ ဖုန်းထဲမှာလည်း အလွမ်းတွေနဲ့ ဒါပေမဲ့အခုအခါ မဖြစ်ချင်တာတွေဖြစ်နေတယ် ဘဝဆိုတာက အဆန်းတကြယ် ငါ အပ္ပမာဒေဏ လွမ်းနေတယ် လွမ်းနေတယ် ကလေးရေ ကလေးရေ ချစ်တဲ့စိတ်နဲ့ ဟစ်အော်နေတုန်း အချစ်ရဲ့နေ့မှာ တစ်ယောက်တည်း အထီးကျန်နေသူ ငါရူးနေလို့ ငါရူးနေလို့ ကလေးရေ ကလေးရေ လွမ်းတဲ့စိတ်နဲ့ လိုက်ရှာနေတုန်း လမ်းမထက်မှာလေ စုံတွဲလေးတွေမြင်ရင် ကြွေကွဲနေလို့ ကြွေကွဲနေလို့